(ပြည်တွင်း) မေလ ၂၈

၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လက်ရှိရောက်ရှိနေသော နေရာမှ မိမိမူလ ဖြေဆိုခဲ့ရာ စာစစ် ဌာနသို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး သွားလာရမလွယ်ကူသည့် အခြေအနေဖြစ်ပါက မိမိလက်ရှိ ရောက်နေသော မြို့နယ်အတွင်း ဖွင့်လှစ်ထားသော စာစစ်ဌာနတစ်ခုခုတွင် ဝင်ရောက်ဖြေဆိုခွင့်ပြု ရန် ထိုမြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုစာစစ်ဌာနတွင် မိမိဖြေဆိုမည့် ဘာသာတွဲရှိမှသာ ခွင့်ပြုမည်ဖြစ်ပြီး ပြောင်းလဲဖြေဆိုခွင့်ပြုပြီးပါက မူလစာစစ်ဌာနသို့ဖြစ်စေ၊ အခြားစာစစ်ဌာနသို့ဖြစ်စေ ထပ်မံ ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
စာစစ်ဌာနအလိုက် ဖြေဆိုသည့် ဦးရေပေါ် မူတည်၍ စာမေးပွဲဆိုင်ရာပစ္စည်းများနှင့် စာမေးပွဲဆိုင်ရာကိစ္စရပ်များ ကြိုတင်စီစဉ် ဆောင်ရွက်ရန်လိုအပ်သဖြင့် အမှန်တကယ် သွားလာရန် ခက်ခဲသောဒေသများအတွက်ကိုသာ စိစစ်ခွင့်ပြုမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။
“စစ်ဘေးရှောင်ရင်း နေရပ်အသီးသီးကို ရောက်ရှိနေသူများ ရောက်ရှိနေရာကနေ ဖြေဆိုခဲ့တဲ့ မြို့ကို ပြန်လာရင် လမ်းမှာ တိုက်ပွဲကြောင့် ၁ဝ ရက်ကနေ ရက် ၂ဝ အတွင်း ပိတ်မိကြပါတယ်။ မေးလိုတာက အဲ့ဒီလို ကျောင်းသား/ သူတွေ ရောက်ရှိရာ စာစစ်ဌာနမြို့နယ်တွေမှာ ပြန်လည်စာရင်းသွင်းပြီး စာဖြေဆိုခွင့် ရှိ /မရှိ သိပါရစေဆိုသည့် မေးခွန်းအား မီဒီယာတစ်ခုမှ ပညာရေးဝန်ကြီးဌာနကိုမေးမြန်းစဉ် ယခုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
Telegram»…
https://t.me/positiveanglenews