(စီးပွားရေး) မေလ ၂၈

ဩဂုတ်လအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် CAFE SHOW CHINA 2025 ပြပွဲတွင် မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များ ပါဝင် ပြသရန်ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
အဆိုပါပြပွဲကို CIEC Overseas Exhibition Co.,Ltd. မှကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ China International Exhibition Center (Chaoyang) ၌ ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များအား ပါဝင်ပြသရန် ဖိတ်ခေါ်ထားခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျင်းပပြလုပ်ခဲ့တဲ့ CAFE SHOW CHINA 2024 ပြပွဲတွင် တရုတ်နိုင်ငံသာမက ပြည်ပနိုင်ငံများမှ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူ အသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသခဲ့ကြပြီး လာရောက်ကြည့်ရှု လေ့လာသူများလည်း ရှိခဲ့ပါတယ်။
ဒါကြောင့် ယခုနှစ်တွင်ကျင်းပပြုလုပ်မည့်ပြပွဲမှာ နိုင်ငံတကာမှ ကော်ဖီလုပ်ငန်းရှင် များစွာကို ပါဝင်ပြသရန် ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ CAFE SHOW CHINA 2025 ပြပွဲတွင် ပါဝင်ပြသမည့် သံရုံးတစ်ခုစီအတွက် ၃ မီတာပတ်လည် Free Standard Booth တစ်ခုစီ စီစဉ်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် သီးခြားပြခန်းများပြသလိုပါက သက်သာသောဈေးနှုန်းများဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
CAFE SHOW CHINA 2025 ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်များသိရှိလိုပါက Ms. Mai Du (Project Manager) ဖုန်း +861084600697 နှင့် Email – duyichun@ciec.com.cn တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် အဆိုပါပြပွဲတွင် ပါဝင်ပြသလိုသော မြန်မာနိုင်ငံ မှလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၈၆၂၃ နှင့် Email – event.td.myantrade@gmail.com တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews