(ပြည်တွင်း) မေလ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁×၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေကူကျောင်းတိုက်အတွင်းမှ ငလျင်ဘေးသင့်ကယ်ဆယ်ရေး စခန်းအတွင်းသို့ ကုက္ကိုလ်ပင်ပြိုလဲကျရာမှ လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက် အစောပိုင်းက အဘယာရာမရွှေကူကျောင်းတိုက်ရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းအတွင်းသို့ လုံးပတ် ၅ ပေခန့်၊ အရှည် ၄၀ ပေခန့်ရှိ ကုက္ကိုလ်ပင်သည် မိုးရွာသွန်းမှုကြောင့် အမြစ်လှန်၍ ယာယီလူနေမိုးကာတဲပေါ်သို့ ပိမိနေကြောင်းသိရသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုက္ကိုလ်ပင် ပြိုလှဲမှု့ကြောင့် ဦးဝင်းအောင်၊ ၄၀ နှစ်၊(ဘ)ဦးလှဖေ၊ ပန်းရံလုပ်ငန်းလုပ်ကိုင်သူနှင့် မရှင်းသန့်ဖြူ၊ ၁ နှစ် ၆လ၊ (ဘ)ဦးဝင်းအောင်တို့ သားအဖ ၏ ရုပ်အလောင်း ၂ လောင်းအား နံနက် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews