သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေးနေ

(စီးပွားရေး) မေ ၁၈

မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများပြည်သူများ ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရေးရည်ရွယ်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းအတွင်း သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းပြခန်းများအား ဖွင့်လှစ် ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါအရောင်းပြခန်းများ၌ ဘိလပ်မြေရောင်းဝယ်သံ၊ သံမဏိပစ္စည်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ သုတ်ဆေးများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ လုပ်ငန်းသုံး မီးစက်၊ အဆောက်အအုံဆောက်လုပ်ရာတွင် အသုံးပြုသည့် သံလုံးအရစ်ဖော်စက်နှင့် သံလုံး ဖြတ်စက်၊ သံချည်သံကွေးစက်၊ စတားကွင်းရိုက်စက်ဖြင့် ပုံဖော်ခြင်းလုပ်ငန်းများ ရောင်းချနေကြောင်း သိရသည်။

အဆိုပါရောင်းချပွဲ ဆဋ္ဌမမြောက်နေ့အဖြစ် လုပ်ငန်းသုံးပစ္စည်းများကို ကုမ္ပဏီပေါင်း ၆၁ ခုမှ ပြခန်းပေါင်း ၇၄ ခုဖြင့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ခင်းကျင်းပြသ ရောင်းချ ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း သိရပါတယ်။

#PAN