လားရှိုးမြို့ပေါ်က ကျောင်းအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ဖို့ မြို့ခံတွေစီစဥ်နေ


(ပြည်တွင်း) မေ ၁၅

အကြမ်းဖက်သောင်းကျန်းသူတွေရဲ့လက်ထဲကပြန်လည်ရယူထားတဲ့ လားရှိုးမြို့ပေါ်က အခြေခံပညာကျောင်း အားလုံးနီးပါပြန်လည်ဖွင့်လှစ်သွားဖို့ စီစဥ်နေတယ်လို့ ​မြို့ခံတွေဆီက သိရပါတယ်။

လားရှိုးမြို့​မှာ ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး အ​ခြေခံပညာ​ကျောင်း​ပေါင်း (၃၉​)ကျောင်းရှိတဲ့အနက် ​အောင်သစ္စာရပ်ကွက်ရှိ​ကျောင်း (၁)​ကျောင်းကလွဲရင် ကျန်တဲ့ ကျောင်းတွေကို ဖွင့်လှစ်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ မြို့ခံတစ်ဦးက PAN ကိုပြောပါတယ်။

“ကျွန်တော်တို့သားသမီးတွေ ပညာတတ်ဖို့က ပထမအရေးကြီးတယ်။ ပညာတတ်မှ အတ္တနဲ့ပရ ခွဲခြားနိုင်မှာ၊ ဓမ္မနဲ့ အဓမ္မကိုဝေဖန်ပိုင်းခြားနိုင်မှာ ဒါကြောင့် ပညာရေးက အရေးကြီးတယ်။ ကျောင်းတွေပြန်ဖွင့်နိုင်အောင်ကျွ​နိတော်တို့ကြိုးစားနေတယ်” လို့ ​မြို့ခံတစ်ဦးက PAN ကိုပြောပါတယ်။

အကြမ်းဖက်သောင်းကျန်းသူတွေပစ်ခတ်ခဲ့လို့ စာသင်ကြားမရ​အောင်ထိခိုက်ပျက်ဆီးမှုများတဲ့​ကျောင်း(၅)​ကျောင်းကို နီးစပ်ရာ​ကျောင်းတွေမှာ ယာယီ တွဲဖက်ဖွင့်လှစ် သွားမှာဖြစ်ပြီး ကျောင်းအားလုံးကိုတော့ဖွင့်လှစ်သင်ကြားသွားမယ်လို့ မြို့မိ မြို့ဖတစ်ဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ အေပြီလကုန်အထိ PDF အမည်ခံအကြမ်းဖက်သမားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အမည်ခံသောင်းကျန်းသူ တွေရဲ့ ကြမ်းဖက်လုပ်ရပ်တွေကြောင့် ပညာရေးဆိုင်ရာ (စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်)များ ဗုံးဖောက်ခွဲခံရမှု ၅၆၀ ကြိမ်၊ မီးရှို့ဖျက်ဆီးခံရမှု ၁၂၃ ကြိမ်၊ ပညာရေးဝန်ထမ်းများ ခြိမ်းခြောက်ခံရမှု ၄၄၉ ကြိမ်၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အကြမ်းဖက် သတ်ဖြတ်ခံရမှု ၇၇ ဦး ရှိတယ်လို့ နစကရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN