(ပြည်တွင်း) မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား အကြမ်းဖက် PDF အဖွဲ့မှ Drone များဖြင့် Drop ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့မှ ငါန်းဇွန်မြို့၏အနောက်ဖက်ရှိ ကျောက်ဖြူကန်တောစပ်မှ ငါန်းဇွန်မြို့တွင်းသို့ Drone များဖြင့် Drop ဗုံးချ တိုက်ခိုက်ခဲ့ပြီး၊ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့ရာ ငါန်းဇွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၏ အနောက်ဖက် ကိုက် ၅၀ ခန့်အကွာတွင် Drop ဗုံး ၂ လုံးနှင့် ခန်းမ ၏ မြောက်ဖက် ကိုက် ၁၅၀ ခန့်အကွာတွင် ၄ လုံးကျရောက်ခဲ့ကြောင်း သိရသည်။
၎င်း Drop ဗုံးများအနက် ဗုံး ၄ လုံးမှာ ပေါက်ကွဲမှုမရှိဘဲ ဗုံး ၁ လုံးသာပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်ဆီးမှုမရှိကြောင်း၊ ငါန်းဇွန်မြို့ နယ်အတွင်း အခြေပြုထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် PDF များ အခြေပြုရာနေရာများသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် PDF များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။
၎င်းနောက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF များ ငါန်းဇွန်မြို့နယ်၊ သားကြင်ကျေးရွာ၌ စုရုံးရောက်ရှိနေကြောင်း သတင်းအရ တပ်မတော်လေက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF များ သေဆုံး/ထိ ခိုက်ဒဏ်ရာရသူများပြားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews