ယာယီရုံးအဖြစ်သုံးမည့် Modular များ နေပြည်တော် ရောက်ရှိ


(ပြည်တွင်း) မေ ၈

နေပြည်တော်တွင် ယာယီရုံးအဆောက်အအုံတွေအဖြစ် အသုံးပြုနိုင်ဖို့ရန် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းက တစ်ဆင့်မီးရထားနဲ့ သယ်ယူလာတဲ့ Modular (prefabricated) Office ၁၀၈ လုံးဟာ မေလ ၆ ရက်က ရွာတော်ဘူတာ ကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကနေ သိရပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ဟာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဦးမျိုးမြင့်တို့နဲ့အတူ အဲဒီပစ္စည်းတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

နေပြည်တော်ကိုရောက်ရှိလာတဲ့ Modular(prefabricated)Officeတွေကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးကို ၂၅ လုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုရုံးကို ၅ လုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အလုံး ၃၀၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို ၄၄ လုံး ဖြန့်ဝေနေရာချထားပေးခဲ့ပြီး ကျန်ရှိနေတဲ့ Modular တွေနဲ့ရုံးသုံးပရိဘောဂပစ္စည်းတွေကို ဝန်ကြီးဌာနတွေကို ဆက်လက်ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN