(ပြည်တွင်း) မေ ၈

စစ်ကိုင်းမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို အောင်ချက် မြင့်မားရေးသင်ကြားပို့ချပေးမည့် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ဆရာမများက စစ်ကိုင်းတောင်ရိုးငလျင်ဘေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။
သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို ဦးထိပ်ထား၍ ရန်ကုန်တက္ကသိုလ်ဌာနပေါင်းစုံ ပါမောက္ခကထိက ဆရာ/ဆရာမများမှ စစ်ကိုင်းတောင်ရိုးငလျင်ဘေးကြောင့် ပြိုပျက်သွားသော ဘုရား၊စေတီများ ပြုပြင်မွမ်းမံ ရန်အတွက် အလှူတော်ငွေ ၇၅ သိန်းကျပ်ကို လှူဒါန်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းအချိန်က ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်မှာ ထားရှိတဲ့ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့ရှိ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြန်လည်ဖြေဆိုသွားကြရမှာ ဖြစ်ပါတယ်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ဖြေဆိုသွားကြ ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီဌာန အသိပေးထုတ် ပြန်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews