ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ “မြပါဝါ” စက်သုံးဆီအရောင်းဆိုင် မီး​​လောင်မှုဖြစ်ပွား


(မှုခင်း) မေ ၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၆×၃၅ လမ်းထောင့်ရှိ “မြပါဝါ” စက်သုံးဆီအရောင်းဆိုင် အမှတ်(၁)၌ မီး​​လောင်မှု ဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ဦးမိုးညွန့်၊ ၅၃ နှစ်၊ (ဘ)ဦးကျန်ချုံးဆီ ပိုင်ဆိုင်သော ဆိုင်၏ခြံဝန်းအတွင်းရှိ ယာဥ်အမှတ်၊ 4D/၆၈၂၀ ဟွန်ဒိုင်းအမျိုးအစား၊ ၃၂၀၀ ဂါလံဆန့် ဆီဘောက်ဆာယာဥ်မှ 92 အမျိုးအစား စက်သုံးဆီများအား MDY-13/9F/6168၊ SINOTRUK အမျိုးအစား ယာဥ်ပေါ်သို့ လျှပ်စစ်မော်တာဖြင့် ဆီဖလှယ်စဥ် လျှပ်စစ်မော်တာဝါယာ​ကြိုးပေါက်၍ ဝါယာရှော့ဖြစ်ပြီးဆီအငွေ့ဖြင့် မီးစတင်ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ယာဥ်အမှတ်၊ MDY-17/2H/4634 ယာဥ်၏ ဦးခေါင်းပိုင်းမှာ မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဆိုင်မန်နေဂျာ ဦးမျိုးမင်းသူရ၊ ၄၉ နှစ်၊ (ဘ)ဦးခင်မောင်တင့်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN