(စီးပွားရေး) မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း စိုက်ပျိုးခဲ့သည့် ကြက်သွန်နီဧကအားလုံး ရာနှုန်းပြည့်နုတ်သိမ်းပြီးစီးကာ တစ်ဧကလျှင် ၄,၅၇၁ ဒသမ ၅၈ ပိဿာထွက်ရှိကြောင်း မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
မုံရွာမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီ ၇,၈၅၃ ဧက စိုက်ပျိုးနိုင်ခဲ့ရာ အဆိုပါ စိုက်ပျိုး ထားသော ကြက်သွန်နီစိုက်ခင်းများကို ယခုနှစ် ဇန်နဝါရီလမှ စတင်နုတ်သိမ်းခဲ့ရာ ဧပြီလကုန်ပိုင်းတွင် နုတ်သိမ်း ပြီးစီးခဲ့တာဖြစ်ပါတယ်။
ကြက်သွန်နီစိုက်တောင်သူများ ဈေးကောင်းရရှိရန် ဈေးကွက်ချိတ်ဆက်မှုများ ဆောင်ရွက်ပေးခြင်း၊ ကြက်သွန်နီကို ကြာရှည်အထားခံနိုင်ရန် နည်းပညာပေးခြင်း၊ Gap နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သည့် ကြက်သွန်နီများဖြစ်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ၊ ယင်းမာပင်၊ ချောင်းဦး၊ ရွှေဘိုနှင့် မြင်းမူမြို့နယ် တို့တွင် ကြက်သွန်နီ အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews