(မိုး/ဇလ) ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ဖြစ်သည့် တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်းစသည့် မြို့များနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နှင့် မိုင်းဆတ်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တို့တွင် ၂၄ နာရီအတွင်း ၂ လက်မခွဲခန့် အထိ မိုးရွာသွန်းနိုင်ပြီး မိုးအလွန်များနိုင်ကြောင်း သိရပါတယ်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၂၆ ရက် ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက် အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အသိပေးထားပါတယ်။
Telegram»…
https://t.me/positiveanglenews