(မိုး/ဇလ) ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧပြီလ ၂၅ ရက်က ၄၅ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိ နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပြီး ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်းကြားမှုဦးစီးဌာန၏ အသိပေးချက်အရ သိရပါတယ်။
စံချိန်တင် ဖြစ်ပေါ်ခဲ့သော ထူးခြားတဲ့ နေ့ အပူချိန်များကတော့ ချောက်မြို့တွင် ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ၊ မင်းဘူးမြို့တွင် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ မြင်းမူမြို့တွင် ၄၃ ဒသမ ၁ ဒီဂရီစင်တီဂရိတ် ၊ မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ၄၃ ဒသမ ၀ ဒီဂရီစင်တီ ဂရိတ်တို့ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် မြင်းခြံမြို့တွင် ၄၂ ဒသမ ၈ ဒီဂရီစင်တီဂရိတ်၊ ဆင်ဖြူကျွန်းမြို့နှင့် မင်းကင်းမြို့တို့တွင် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့နှင့် ကလေးဝမြို့တို့တွင် ၄၂ ဒသမ ၃ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာမြို့တွင် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်တို့ အသီးသီး ရှိကြောင်းသိရပါတယ်။
နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာ ဝတီတိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း မိုး/ဇလ၏ အသိပေး ချက်အရ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews