
(အားကစား) ဧပြီ ၂၅
လက်စတာအသင်း ဝါရင့်တိုက်စစ်ကစားသမား ဂျေမီဗာဒီ က ယခုနှစ်ဘောလုံးရာသီအကုန်မှာ လက်စတာအသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးကာ လမ်းခွဲသွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၃၈ နှစ်ရှိ ဂျေမီဗာဒီ က ၂၀၁၂ ခုနှစ်မှာ လက်စတာအသင်းသို့ ရောက်ရှိလာခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက လက်စတာအသင်းနှင့်အတူ ခြေစွမ်းပြသကာ သမိုင်းဝင်ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရယူ နိုင်ခဲ့ပါတယ်။
ဂျေမီဗာဒီ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လက်စတာအသင်း အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်း ခဲ့ရာမှာလည်း အသင်းနှင့်အတူ ဆက်လက်လက်တွဲခဲ့သူဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီအကုန်တွင် စာချုပ် သက်တမ်းကုန်ဆုံးကာ လမ်းခွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂျေမီဗာဒီ ဟာ လက်စတာအသင်းနှင့်အတူ ၁၃ နှစ်ကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၉၆ ပွဲမှာ သွင်းဂိုး ၁၉၈ ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။