(ပြည်တွင်း) ဧပြီ ၂၆

ဥရောပသမဂ္ဂ (EU) မှ မန္တလေးငလျင်အတွက် ကယ်ဆယ်ရေးပစ္စည်း ၇၀,၀၀၀ ကျော်ပိုဆောင်ခဲ့ပြီး ဘူဂေး ရီးယားနှင့်ဆွီဒင်နိုင်ငံတို့မှ ထပ်ပိုမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂမြန်မာ၏ ထုတ်ပြန်ချက်အရသိရပါတယ်။
EU မှ လေယာဉ် ၃ စင်းနဲ့ ဧပြီလ ၁၈ ၊ ၁၉ နှင့် ၂၂ ရက်တို့တွင် တန်ချိန် ၉၀ ကျော်ရှိတဲ့ အသက်ကယ် ကယ်ဆယ်ရေး ပစ္စည်း ၇၀,၀၀၀ ကျော်ကို ထောက်ပံ့ပို့ဆောင်ပေး ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ပစ္စည်းများကို IOM နှင့် ၎င်း၏ ဒေသခံမိတ်ဘက်အဖွဲများမှ အကူအညီအလိုအပ်ဆုံးသော လူ့အဖွဲအစည်းများထံသို ပေးပို့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပေးပို့မှုများဟာ ဖင်လန်၊ လူဇင်ဘတ်နှင့် IOM ၏ ကမ္ဘာလုံးဆိုင်ရာသိုလှောင်ဂိုဒေါင်မှ ထောက်ပံ့မှု များဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များအတွင်း ဘူလ်ဂေးရီးယားနှင့် ဆွီဒင်နိုင်ငံများမှ ထောက်ပံ့မှု ပစ္စည်းများနှင့် နောက်ထပ်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews