မန္တလေးငလျင် ပြန်လည်ထူထောင်ရေးကာလ Mobile Toilet များ ထောက်ပံ့ပေးမည်

(ပြည်တွင်း) ဧပြီ ၂၅

မန္တလေးငလျင်ပြန်လည်ထူထောင်ရေးကာလတွင် ငလျင်ဒဏ်သင့် မြို့ပေါ်နေပြည်သူများအတွက် Mobile Toilet များထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ Mobile Toilet ၄၂ လုံးအား လိုအပ်တဲ့ နေရာများတွင် ချထားပေးသွားမည်ဖြစ်ပြီး၊ ရေချိုးရန် နေရာများကိုလည်း စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ ယခုကဲ့သို့ထောက်ပံ့ပေးရန်အတွက် လူမှုရေးရာပေါင်းစည်းမှု စင်တာမှ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်ဆက်သွယ်ကာ ငလျင်သင့်ရပ်ကွက်များ အတွင်း ထောက်ပံ့မှုများ လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၈ ရက်က အင်အားရစ်(ခ်)တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ရှားခဲ့ရာတွင် မန္တလေး၊ အင်းဝ၊ အမရပူရမြို့နယ်တို့တွင် လူနေအိမ်များနှင့် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ပြီး အင်းဝ-ပင်းယရှေးဟောင်းဇုန်မှာ မှတ်တမ်းတင်ထားသည့် ရှေးဟောင်းအဆာက်အအုံ ၉၆၀ ရှိရာ ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။