(မှုခင်း) ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားလာသည့်လမ်းပေါ်ရှိ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ်ထားသည့် တံတားတစ်ဆင်းအား ယမန်နေ့နံနက် ၁၀ နာရီခန့်က အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့ သွားလာသည့်လမ်းပေါ်ရှိ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ် ထားသည့် အရှည် ၅၀၀ ပေ၊ အနံ ၁၂ ပေရှိ သံကူကွန်ကရစ် ဘေလီ တံတားအား အကြမ်းဖက် PDF အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ၆ လက်မ ၃ လက်မရှိ သစ်သား ဇလီဖားများနှင့် အပေါ်ပြင်ခင်းများ ပေ ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ ပျက်စီးခဲ့သည့်တံတားအား ရေဖြူမြို့နယ်လမ်းဦးစီးဌာနမှ အမြန်ဆုံး ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews