​​ညောင်ဦးမြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲမှ သတ်ဖြတ်


(မှုခင်း) ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ​​ညောင်ဦးမြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲမှ အကြောင်းမဲ့ သတ်ဖြတ် သွားကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ်၊ မြေသင်းတွင်းကျေးရွာ၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးရဲထွန်း၊ ၅၃ နှစ်၊ (ဘ)ဦးမောင်ဒွေး အား အကြမ်းဖက် PDF အဖွဲ့မှ ရွာအနောက်ပိုင်းရှိ ကွမ်းယာဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးရဲထွန်း သည် ကျည်ဖောက်ဝင်ဒဏ်ရာများစွားဖြင့် သေဆုံးသွားခဲ့ရပြီး အခင်းဖြစ်နေရာအနီးမှ 9-MM LUGER ကျည်ခွံ ၆ ခု တွေ့ရှိခဲ့ကြောင်း၊ ဖြစ်စဉ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ မေးမြန်းခဲ့ရာ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ဦးရဲထွန်း သည် ကျေးရွာအနောက် ပိုင်းရှိ ဦးကြည်အောင် ၏ နေအိမ် ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၈ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ ကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ ဇီးအိုကျေးရွာဘက်မှ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာကာ ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး နေအိမ်အတွင်းမှ တစ်ကျပ်သားရွှေဆွဲကြိုး ၂ ကုံး(တန်ဖိုး ၁၂၀ သိန်းကျပ်ခန့်)နှင့် ခြံဝင်းအတွင်းရပ်ထားသော MDY-6/8C/1093 Light Truck အဖြူရောင်ယာဉ်အား ယူဆောင်မောင်းနှင်ပြီး လာရာလမ်းအတိုင်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးနှင့် သားမက်ဖြစ်သူတို့အား အကြမ်းဖက် PDF အဖွဲ့များမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့၏ ပစ်သတ်မှုကြောင့် မြေနီကျေးရွာနေ ဦးရဲတင့်၊ ၇၀ နှစ်၊ (ဘ)ဦးဘရှိန်၊ အုပ်စုအုပ်ချုပ်ရေးမှုးတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လက်ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးရဲတင့်၏ သားမက်ဖြစ်သူ ဇော်မင်းမြတ်၊ ၃၃ နှစ်၊ (ဘ)ဦးမိုးကောင်းတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ဦးရဲတင့်သည် သားမက်ဖြစ်သူ ဇော်မင်းမြတ်နှင့် အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၇ ဦးခန့်သည် သေနတ်တို/ရှည်များကိုင်ဆောင်လျက် ရွာ၏တောင်ဘက် ၁ မိုင်ခန့်၊ ဘိုကုန်းကျေးရွာဘက်မှ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ လာရာလမ်းအတိုင်း ထွက်ပြေးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN