နည်းပြဘဝရဲ့ ဂုဏ်အယူရဆုံးညဖြစ်ကြောင်း ပြောခဲ့တဲ့ အာတီတာ


(အားကစား) ဧပြီ ၁၈

ရီးရဲလ်မက်ဒရစ်အသင်းကို ဘာနေဗျူးကွင်းမှာ အနိုင်ရခဲ့တဲ့ညက သူ့ရဲ့နည်းပြဘဝမှာ ဂုဏ်ယူစရာ အကောင်းဆုံးညဖြစ်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အာတီတာ က ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းက ဗုဒ္ဓဟူးညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အဝေးကွင်းပွဲမှာ ရီးရဲလ်အသင်းကို ထပ်မံ အနိုင်ရခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်း ရလဒ် ၅ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဧပြီလ ၂၉ ရက်မှာ ပထမအကျော့ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။

အာတီတာ က အာဆင်နယ်အသင်းအနေနဲ့ မည်သည့်ပြိုင်ဘက်အသင်းကိုမဆို ရင်ဆိုင်ကစားနိုင်စွမ်း ရှိတယ်ဆိုတာကို ရီးရဲလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် ၂ ကျော့စလုံးမှာ ပြသနိုင်ခဲ့ကြောင်းနဲ့ အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ရဖို့အထိ မျှော်မှန်းထားကြောင်း ပြောသွားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN