မန္တလေးမြို့တွင်မိုးသည်းထန်စွာရွာသွန်း၍ ၃ ထပ်တိုက်ပြိုကျခဲ့မှု ဖြစ်ပွား


(ပြည်တွင်း) ဧပြီ ၁၆

ဧပြီလ ၁၅ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးမြို့ ၂၆ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ ငလျင်ဒဏ်ခံထားရသော ၃ ထပ်တိုက်တစ်လုံး ထပ်မံပြိုကျသွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ထပ်မံပြိုကျသွားခဲ့တိုက်သည် ငလျင်ဒဏ်ကြောင့် ယိုင်နဲ့နေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုတော့ မဖြစ်ပေါ်ဘဲ ငလျင်ကယ်ဆယ်ရေးစခန်းရှိ ယာယီတဲများ လွင့်ထွက်ကျိုးပဲ့ခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တဲများတွင် နေထိုင်သူများကို နေထိုင်၍ ရသော စာသင်ကျောင်းများတွင် ယာယီနေရာချထားပေးပြီး တဲများကို ပြန်လည်ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN