(ပြည်တွင်း) ဧပြီ ၁၆

မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက်ဖြစ်တဲ့ ဧပြီလ ၁၂ ရက်မှ ၂၁ ရက်အထိအား ငွေကြေးကိစ္စများ အဆင်ပြေ စေရန် ပုဂ္ဂလိကဘဏ် ၂၇ ခုမှ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
သင်္ကြန်ပိတ်ရက်ကာလအတွင်း ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ ဘဏ်များကတော့ ကမ္ဘောဇဘဏ်၊ CB Bank PCL ၊ မြန်မာ နိုင်ငံသားများဘဏ်၊ AYA Bank PCL ၊ အင်းဝဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ ရိုးမဘဏ်၊ မြဝတီဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်၊ ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ခရီးသွားဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ ရတနာပုံဘဏ်၊ ထွန်းကော်မာရှယ်ဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ MD Bank PCL ၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်-မန္တလေး၊ ရန်ကုန်မြို့တော်ဘဏ်နှင့် မြန်မာမက်ထရိုဘဏ်တို့မှ ဆောင်ရွက် ပေးလျက်ရှိပါတယ်။
ထိုသို့ ဘဏ်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရခြင်းမှာ မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများတွင် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်တဲ့ ငွေသွင်းငွေထုတ်လုပ်ငန်းများ နှင့် အလှူငွေပေးပို့လှူဒါန်းမှုများအတွက် အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews