(ပြည်တွင်း) ဧပြီ ၁၅

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းက ပေးပို့သော တန်ချိန် (၄၂) တန်ကျော်တန်ဖိုးရှိ လူသားချင်း စာနာမှု ဆိုင်ရာ ထောက်ပံ့ပစ္စည်းများကို ဧပြီလ ၁၃ ရက် က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လက်ခံရရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရပါတယ်။

အဆိုပါ ပစ္စည်းများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း များ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းများ၊ ယာယီ ရွက်ဖျင်တဲများ၊ တာပေါ်လင်စများ၊ ဂျယ်လီကန် ရေသန့် ဘူးများ၊ စောင်များ ၊အခင်းဖျာများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ရရှိသည့် လှူဒါန်းပစ္စည်းများအား ငလျင်ဒဏ်သင့်ပြည်သူများ လက်ဝယ် သို့ အမြန်ဆုံးရောက်ရှိစေရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews