(ပြည်တွင်း) ဧပြီ ၁၂

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဧပြီလ ၁၀ ရက် ညနေ ၅ နာရီခန့်က အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်နင်းမိုင်း နင်းမိသောကြောင့် အပြစ်မဲ့ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ မဇင်မြတ်နိုး၊ ၁၂ နှစ်၊ မကြယ်စင်လင်းသန့်၊ ၁၇ နှစ်နှင့် မစင်သီတာသိမ့်၊ ၁၂ နှစ်တို့ ၃ ဦးသည် အဆိုပါရပ်ကွက် အနီး သံလွင်မြစ်ကမ်းဘေး၌ ရေကူးရန်သွားရောက်စဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံးအား မဇင်မြတ်နိုးမှ နင်းမိပေါက်ကွဲခဲ့ သဖြင့် ၎င်းတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ်များအား ဘားအံပြည်သူ့ဆေးရုံ ကြီးသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် အကြမ်းဖက်သမားများ၏ စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ဆောင်နေမှုများကို ရပ်ကွက်/ကျေးရွာလူထုမှ လွန်စွာရွံမုန်းလျက်ရှိကြောင်း သိရှိရပြီး အကြမ်းဖက်မိုင်းထောင်သူများအား ဥပဒေနှင့်အညီ အမြန်ဆုံးဖော်ထုတ် အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သမားများ အနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက် အဦများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်း ကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင် ဖောက်ခွဲခြင်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
Telegram»…
https://t.me/positiveanglenews