(နိုင်ငံတကာ) ဧပြီ ၉

အမေရိကန်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲအား အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။
တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန်က သူ့နည်းသူ့ဟန်အတိုင်းဆက်သွားနေမယ်ဆိုရင် တရုတ်ကလည်း ဆုံးထိတိုက်ပွဲဝင်သွားရလိမ့်မယ်ဟုဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်၏သွင်ကုန်များအား နှစ်ဆနီးပါး စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ပြောဆိုမှုအပြီး နာရီပိုင်းအတွင်း တရုတ်အစိုးရက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှတင်သွင်းသော စမတ်ဖုန်း၊ ကွန်ပျုတာနှင့် လစ်သီယမ်ဘက်ထရီများအပါအဝင် အီလက်ထရောနစ်ထုတ်ကုန် အများအပြားကို စည်းကြပ်ခွန် တိုးမြှင့်ဖွယ်ရှိကြောင်း သိရသည်။
တရုတ်ပညာရှင်အချို့က တရုတ်နိုင်ငံက စည်းကြပ်ခွန်ကောက်ခံမှုအား ဖယ်ရှားကာ နောက်ပြန်ဆုတ်လိမ့်မည်ဟု တစ်ဖက်သတ်ထင်ပါက မှားလိမ့်မည်ဖြစ်ကြောင်း သတင်းဌာနများအား ဖြေကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံ၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်နှင့် အာရှရှိ စတော့ရှယ်ယာဈေးများ အဆိုးရွားဆုံးအထိကျဆင်းခဲ့ပြီး ကမ္ဘာ့စီးပွားရေး အတွက် ထိခိုက်နိုင်ကြောင်း ပညာရှင်များက သုံးသပ်လျက်ရှိသည်။
Telegram»…
https://t.me/positiveanglenews