ဗီယက်နမ်အစိုးရမှလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများရောက်ရှိ


(ပြည်တွင်း) ဧပြီ ၉

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလမ်းဖွင့်ပေးထားပြီးဖြစ်ရာ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဗီယက်နမ် အစိုးရမှ လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပစ္စည်းများမှာ ရွက်ဖျင်တဲ၊ အစားအစာနှင့် ဆေးနှင့်ဆေးပစ္စည်းများ (၂၂၁၃၉)Kg ပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိတို့က ကြိုဆိုနှုတ်ဆက်ကြပြီး Department of Fire Fighting and Rescueing မှ Lieutenant General၊ Director General Ngyyen Tuan Ang က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN