(နိုင်ငံတကာ) ဧပြီ ၈

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း နာဂါဆာကီ စီရင်စုတွင် ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၃ ဦးအထိရှိလာကြောင်းသိရသည်။
လူ ၆ ဦးစီးနင်းလိုက်ပါလာသည့် ဆေးဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်မှာ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင်ပျက်ကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရဟတ်ယာဉ်သည် အသက် ၈၆ နှစ်အရွယ် လူနာတစ်ဦးအားသယ်ဆောင်လာပြီး အဆိုပါ လူနာနှင့်အတူ ပါလာသည့် အသက် ၆၈ အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၃၄ နှစ်အရွယ် ဆရာဝန်တစ်ဦးသေဆုံးခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျရာနေရာသို့ ဂျပန်ကမ်းခြေစောင့်တပ်က သွားရောက်ကယ်ဆယ်ခဲ့ပြီး ပျက်ကျရသည့်အကြောင်းအရင်းကို စစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များ ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews