(နိုင်ငံတကာ) ဧပြီ ၈

ကမ္ဘောဒီးယားစစ်တပ်သည် တရုတ်အကူအညီဖြင့် နိုင်ငံတောင်ပိုင်း ထိုင်းပင်လယ်ကွေ့တွင် ရေတပ်စခန်းတစ်ခုကို ဧပြီလ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ရင်းမ် (Ream)အမည်ရှိ အဆိုပါ ရေတပ်အခြေစိုက်စခန်းကို ဝန်ကြီးချုပ် ဟွဟွမ်မာနက်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အမေရိကန်အစိုးရက အဆိုပါ အခြေစိုက်စခန်းသည် တရုတ်၏ ရေတပ်စခန်းအဖြစ်စွပ်စွဲခဲ့သော်လည်း ဝန်ကြီးချုပ်က တရုတ်ရေတပ် အခြေစိုက်စခန်းသီးသန့်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ အခြေစိုက်စခန်းသည် တရုတ်နှင့် ကမ္ဘောဒီးယာတို့အတွက် ပူးတွဲထောက်ပံ့ရေးနှင့် လေ့ကျင့်ရေးအတွက်ဖြစ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews