(အားကစား) ဧပြီ ၆

မန်ယူနည်းပြ အာမိုရင်မက မန်ယူအသင်း ပြန်လည်အောင်မြင်မှုများရရှိသည့်အချိန်ထိ အသင်းတွင် ဆက်ရှိနေရန် မသေချာကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ယခုရာသီတွင် ရလဒ်များ ဆိုးရွား နေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့် (၁၄) အထိ ရောက်ရှိနေပါတယ်။
ဒါ့အပြင် မန်ယူအသင်းဟာ လိဂ်ဖလားနှင့် FA ဖလားပြိုင်ပွဲများမှ ထွက်ခွာထားရပြီး လာမည့် ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
အာမိုရင် ဟာ မန်ယူအသင်းနဲ့ ၂၀၂၇ ထိ စာချုပ်သက်တမ်းရှိပြီး တစ်နှစ် သက်တမ်းတိုးခွင့်ရှိသည်ဟု အချက်ပါဝင်ကြောင်း သိရပါတယ်။
မန်ယူအသင်းတာဝန်ရှိသူများကတော့ ရလဒ်များဆိုးရွား နေသော်လည်း အာမိုရင်ကို ယုံကြည်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews