(ပြည်တွင်း) ဧပြီ ၆

ရန်ကုန် – နေပြည်တော် – မန္တလေး အစုန်အဆန် ရထားခရီးစဥ်များကို ဧပြီလ ၅ ရက်မှစတင်၍ ပြန်လည် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ရန်ကုန်- နေပြည်တော် – မန္တလေး ရထားခရီးစဥ်များကို ယာယီရပ်နားထားရာမှ ယခုမှ ပြန်လည် ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပါတယ်။
ဧပြီလနံနက်ပိုင်းတွင် အမှတ် (၁၁) အဆန် အမြန်ရထားနှင့် အမှတ် (၇) အဆန် DEMU ရထားတို့ဟာ ရန်ကုန် ဘူတာကြီးမှ စတင်ထွက်ခွာခဲ့ပြီး မန္တလေးဘက်မှ ရထားများ ထွက်ခွာလကြောင်း သိရပြီး လမ်းကြောင်း အခြေအနေကို သိရှိရန် စမ်းသပ်ပြေးဆွဲခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းပိုင်းအခြေအနေပေါ် မူတည်ပြီး ကုန်တင်ရထားတွဲဆိုင်းများကိုလည်း ပြန်လည်ပြေးဆွဲပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews