ပြည်ပရောက် မြန်မာများငွေလွှဲပါက ဝန်ဆောင်ခတစ်လ အခမဲ့ပေးမည့် ကမ္ဘောဇဘဏ်


(ပြည်တွင်း) ဧပြီ ၆

ကမ္ဘာတစ်ဝန်းရောက်ရှိနေတဲ့ မြန်မာပြည်သားများ ငလျင်ဘေးသင့်ပြည်သူများကို ဖြစ်‌စေ၊ မိသားစုဝင်များ ကိုဖြစ်စေ ဝန်ဆောင်ခအခမဲ့နဲ့ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇ ဘဏ်က အသိပေးထုတ်ပြန်ထားပါတယ်။

အခမဲ့ ငွေလွှဲပို့ခြင်းကို ဧပြီလကုန်အထိ လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ ထိုသို့ ငွေလွှဲ ပို့ဆောင်ရာ၌ Western Union, Ria, Merchantrade ငွေလွှဲဝန်ဆောင်မှု ၃ ခုမှတစ်ဆင့် ကမ္ဘောဇဘဏ်စာရင်း (သိုမဟုတ်) KBZPay Wallet သို့ လွှဲပို့နိုင်ကြောင်း သိရပါတယ်။

Western Union နှင့် Ria ငွေလွှဲဝန်ဆောင်မှုမှ လွှဲမည်ဆိုပါက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအားလုံး ရရှိမည် ဖြစ်ကာ၊ Merchantrade မှလွှဲမည်ဆိုပါက မလေးရှား၊ ဂျပန် ၊ ကိုရီးယား၊ စင်္ကာပူနိုင်ငံတို့သာ ရရှိမည်ဟုအသိပေး ထားပါတယ်။

ငွေလွှဲလက်ခံမည့်သူများအနေဖြင့် လတ်တလောဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်ခွဲများ နှင့် KBZ Pay Centers များတွင် ငွေသားထုတ်ယူနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN