(ပြည်တွင်း) ဧပြီ ၅

အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ပါဝင်သော QUAD (Quadrilateral Security Dialogue) အဖွဲ့က ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထောက်ပံ့ပေးသွားရန် ဧပြီလ ၃ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။
QUAD အဖွဲ့က ဘဏ္ဍာရေးထောက်ပံ့မှုအပြင် အရေးပေါ် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ခြင်း၊ ငလျင်ဒဏ်ခံစားရသူများအား ကူညီပေးရန် မြန်မာနိုင်ငံတွင် လုပ်ဆောင် နေတဲ့ လူသားချင်းစာနာမှုအဖွဲ့များကို ပံ့ပိုးခြင်းနှင့် အထောက်အပံ့ ပစ္စည်းများ ပို့ဆောင်ရေးကို လွယ်ကူမြန်ဆန် စေရန် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ထို့အပြင် QUAD အဖွဲ့ဟာ မကြာသေးမီက ကြေညာခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကတိကဝတ်များကို ကြိုဆိုပြီး မြန်မာနိုင်ငံတဝှမ်း အသက်ကယ် အထောက်အပံ့များ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်နိုင်ရန်အတွက် လုံခြုံပြီး အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ပါဝင်သူအားလုံးကို အကောင် အထည်ဖော် တိုးချဲ့နိုင်ရန် တိုက်တွန်းခဲ့ထားပါတယ်။
ငလျင်ဒဏ်သင့်ဒေသများသို့ ထိရောက်စွာ ဖြန့်ဖြူး နိုင်ရန်အတွက် QUAD အဖွဲ့ဝင်နိုင်ငံများ၏လူသားချင်းစာနာမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့သည် ASEAN သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) အပါအဝင် အခြားမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေ သည့် ညှိနှိုင်းရေးပူးပေါင်း အဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်းလည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews