မန္တလေးတိုင်း၌ လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ရရှိရန် ကြိုးပမ်းနေ


(ပြည်တွင်း) ဧပြီ ၅

မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးရုံးများနှင့် ဓာတ်အား လိုင်းတိုင်များပျက်စီးဆုံးရှုံးမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက် ရှိခဲ့ပါတယ်။

ထိုသို့ ပြတ်တောက်နေသော လျှစ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ရရှိနိုင်စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား အမြန်ဆုံးပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီးမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကလည်း လာရောက်ကူညီ ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN