ကျိုက်ထိုက ပြည်ခိုင်ဖြိုးရပ်ကျေးကော်မတီဝင်တစ်ဦး ပစ်ခတ်ခံရ

(မှုခင်း) မတ် ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာတွင်နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီ၀င်တစ်ဦးပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရသည်။

ကျိုက္ကသာကျေးရွာ၊ တိုးချဲ့ကွက်သစ်၊ မေခလာ(၁၀)ရပ်ကွက် တွင်နေထိုင်သူ ရပ်ကျေးပြည်ခိုင်ဖြိုးကော်မတီဝင်ဖြစ်သူ ဦးစိုးမင်းဦး၊ ၅၃ နှစ်အား PDF အကြမ်းဖက်သမားများမှ လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက္ကသာကျေးရွာ၊ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီ၀င်သည် ယနေ့ မတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် နေအိမ်အောက်ထပ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ (၂)ဦးသည် ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာပြီး သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ပစ်ခတ်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီဝင်မှာအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

#PAN #ပြည်ခိုင်ဖြိုး #PDF #ပစ်ခတ်ခံရ