ပဲခူးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှနေ အိမ်မီးလောင်ခဲ့


(မှုခင်း) မတ်လ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၁၉)၊ တပင်ရွှေထီး(၂)လမ်းတွင် မီးလောင်မှုဖြစ်ပွား နေကြောင်း သတင်းအရ တာဝန်ရှိသူများမှသွားရောက်၍ မီးငြိမ်းသတ်၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ပိုင်ရှင်မှာ ဦးကျော်မင်း၊ ၆၅ နှစ်၊ တပင်ရွှေထီး(၂)လမ်း၊ နယ်မြေ(၁၉)၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူဖြစ်ပြီး မီးလောင်မှုအား စစ်ဆေးခဲ့ရာ အိမ်အတွင်းရှိ မီးအားမြှင့်စက်မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး စိစစ်နေဆဲဖြစ်ပြီး ဖြစ်စဥ်ကြောင့်လူ/တိရိစ္ဆာန်ထိခိုက် မှုမရှိကြောင်းသိရသည်။

ဇော်မိုး(ပဲခူး)

Telegram»…
https://t.me/positiveanglenews

PAN