တပ်ကုန်းမြို့နယ်တွင် လက်နတ်၊ခဲယမ်းများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

(မှုခင်း) မတ် ၁၇

နေပြည်တော် ၊တပ်ကုန်းမြို့နယ်၊ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ကင်းသာပူးပေါင်းစစ်ဆေးရေးဂိတ်၌ လက်နတ်၊ခဲယမ်းများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီအချိန်ခန့်က ကင်းသာ- ပင်လောင်း သွားလမ်းပေါ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ဘက်မှ တပ်ကုန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော ယာဥ်အမှတ်၊ 8F- 9486 lightTruck ဖြူ/ ပြာရောင်ယာဥ်အား ယာဥ်မောင်း ဦးကျော်ဇင်ဦး၊ ၃၇ နှစ်၊(ဘ) ဦးပွားင့်ယာဥ်နောက်လိုက် ဦးသိန်းမြင့်ဝင်း၊ ၃၀ နှစ်၊ (ဘ) ဦးကျင်သိန်း၊ကုန်းကျေးရွာ၊ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နေထိုင်သူ ၂ ဦး တင်ဆောင်လာသော နနွင်းတက်အိတ်များအတွင်းမှ အောက်ပါလက်နက်ခဲယမ်းများနှင့် တခြားဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားပေါ်မှ ဖမ်းဆီးရမိသည့် လက်နတ်ခဲယမ်းနှင့် စပ်ဆက်ပစ္စည်းများမှာ သေနတ် ၁၆ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည် ၁၆၈၀ တောင့်၊ B.T.M Army ဘက်တံဆိပ် ၁ ခု၊ M.K.C.D.F ဘက်တံဆပ်ပ် ၁ ခု၊မြို့ပြတော်လှန်ရေးတပ်ဦး ဘက်တံဆိပ် ၁ ခု၊ ပြည်သူ့ကာကွယ်ရေးတပ် ဘက်တံဆိပ် ၁ ခု၊ ဗိဿနိုး PDF ဘက်တံဆိပ် ၁ ခု၊ 96 Solder ဘက်တံဆိပ် အနက် ၁၀ ခု၊ အနီ ၁၀ ခု၊ ကယန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံမူကြမ်း စာအုပ် ၂ အုပ်၊ ပျောက်ကြားစိမ်းယူနီဖောင်း( ဘက်တံဆိပ်မပါ) ၃ စုံတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#PAN #ကင်းတာစစ်ဆေးရေးဂိတ် #လက်နက်မျိုးစုံဖမ်းမိ