စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူသတ်အကြမ်း ဖက်PDF အဖွဲ့များက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ့စစ်ရွာကို တိုက်ခိုက်ရန် စီစဥ်နေ
********************
ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ တောင်ကြားရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ ည ၇ နာရီအချိန်ခန့်တွင် အမျိုးသမီး ၉ ယောက်ကို လူသတ်အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးထားကြောင်း၊ ၎င်းအမျိုး သမီးများမှာ ” ပျူမ ” များဖြစ်ကြောင်း စွပ်စွဲပြီး သတ်ဖြတ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ အဆိုပါအမျိုးသမီးများမှာ သာမန်ပြည်သူများသာဖြစ်ကြောင်း အဆိုပါရွာမှ ရွာသားတစ်ဦးထံမှ သိရှိရပါသည်။
ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပြည်သူ့စစ်ဌာနေကို ယနေ့ည ဝင်စီးရန်ရှိကြောင်း၊ ဝင်တိုက်၍ ရိက္ခာရပါက ရိက္ခာပါရယူရန်နှင့် ကျန်ရှိအိမ်များနှင့်သီးနှံသိုလှောင် အဆောက်အဦးများကို မီးရှို့ပြီး ရွာရှိလူများကို သတ်ဖြတ်ရန် စီစဥ်နေပြီး ဆည်ပုဂံတော(ကံကြီးကုန်းရွာ အရှေ့ဖက်)၊ ကျွဲတက်ကုန်းတော(ကံကြီးကုန်းရွာ အရှေ့ဖက်)ရွှေလှေရွာ၊ ဝယာရွာများတွင် အနီးကပ် ချည်းကပ် လူစုနေကြောင်း ဒေသခံများထံမှ သိရှိရပါသည်၊ ဆားလင်းကြီးမြို့နယ် နှောကတို့ရွာ ၊ တောင်ကြားရွာတို့တွင်လည်း အင်အားစုနေကြောင်းသတင်းရရှိပါသည်။
#PAN