ကျေးသီးမြို့နယ်၊ မိုင်းနောင် – ကျေးသီးသွားကားလမ်း မိုင်တိုင် (၆၂/၄)အနီး မီးလောင်ကျွမ်းထားသောယာဉ်အတွင်းမှ စက်လတ်ကျည်ခွံ(တရုတ်) အတောင့်(၅၀၀)ခန့်တွေ့ရှိရ

ဇူလိုင် ၄

      ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းကောင်ကျေးရွာအနီး မိုင်းနောင် – ကျေးသီးသွားကားလမ်း မိုင်တိုင် (၆၂/၄)အနီး မိုင်းနောင်မှ ကျေးသီးဖက်သို့ မောင်းနှင်လာသော မော်တော် ယာဉ် တစ်စီးမီးလောင်နေကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ Alphard / အဖြူရောင် ယာဉ်အမျိုးအစား ယာဉ်အမှတ် SHAN 5K/4350 မှာ မီးလောင်ကျွမ်းနေပြီးယာဉ်မောင်းမှာ မတွေ့ရှိရတော့ပဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

    အဆိုပါ မီးလောင်ကျွမ်းသောယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်နှင့် ယာဉ်အနီးနားဝန်းကျင်တွင် စက်လတ်ကျည်(တရုတ်)အတောင့် (၅၀၀)ခန့် (အခွံ)အား တွေ့ရှိပြီး ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းအား စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

      ”မော်တော်ယာဥ်က မီးလောင်တယ်ကြားလို့ လာစစ်တာ၊ ကားနားရောက်တော့ ကားထဲမှာ ကျည်ဆံတွေပါလို့ ကျည်ဆံတွေက ပေါက်ကုန်တယ်၊ ကျည်ဆံအကောင်းက ၁၅ တောင့်လောက်ဘဲကျန်တယ်၊ ပျက်စီးပြီး ကျည်ခွံကျန်ခဲ့တာ ၅၀၀ ေလာက်ရှိတယ်၊ ကျည်ဆံကယ်ရီရိုက်ရောင်းဘို့ဖြစ်မယ်၊ကား အပူများပြီးမီးလောင်တော့ ယာဥ်မောင်းက ကားပေါ်မှာ မနေရဲတော့ဘဲ ထွက်ပြေးတာ ဖြစ်မယ်” ဟု အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးတဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက PAN သို့ ပြောကြားလာပါသည်။

#PAN