စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူသတ်အကြမ်း ဖက် PDF အဖွဲ့များက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ့စစ်ရွာကို တိုက်ခိုက်ရန် စီစဥ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူသတ်အကြမ်း ဖက်PDF အဖွဲ့များက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထားပြီး ပြည်သူ့စစ်ရွာကို တိုက်ခိုက်ရန် စီစဥ်နေ
********************
ဇူလိုင် ၄

        စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ တောင်ကြားရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့ ည ၇ နာရီအချိန်ခန့်တွင် အမျိုးသမီး ၉ ယောက်ကို လူသတ်အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးထားကြောင်း၊ ၎င်းအမျိုး သမီးများမှာ ” ပျူမ ” များဖြစ်ကြောင်း စွပ်စွဲပြီး သတ်ဖြတ်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ အဆိုပါအမျိုးသမီးများမှာ သာမန်ပြည်သူများသာဖြစ်ကြောင်း အဆိုပါရွာမှ ရွာသားတစ်ဦးထံမှ သိရှိရပါသည်။

       ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပြည်သူ့စစ်ဌာနေကို ယနေ့ည ဝင်စီးရန်ရှိကြောင်း၊ ဝင်တိုက်၍ ရိက္ခာရပါက ရိက္ခာပါရယူရန်နှင့် ကျန်ရှိအိမ်များနှင့်သီးနှံသိုလှောင် အဆောက်အဦးများကို မီးရှို့ပြီး ရွာရှိလူများကို သတ်ဖြတ်ရန် စီစဥ်နေ​ပြီး ဆည်ပုဂံတော(ကံကြီးကုန်းရွာ အရှေ့ဖက်)၊ ကျွဲတက်ကုန်းတော(ကံကြီးကုန်းရွာ အရှေ့ဖက်)ရွှေလှေရွာ၊ ဝယာရွာများတွင် အနီးကပ် ချည်းကပ် လူစုနေကြောင်း ဒေသခံများထံမှ သိရှိရပါသည်၊ ဆားလင်းကြီးမြို့နယ် နှောကတို့ရွာ ၊ တောင်ကြားရွာတို့တွင်လည်း အင်အားစုနေကြောင်းသတင်းရရှိပါသည်။

#PAN