ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် NUGကျောင်းများဖွင့်လစ်ရန်

ဇူလိုင် ၄

      စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် NUGကျောင်းများဖွင့်လစ်ရန် လူသတ်အကြမ်းဖက်သောက်းကျန်းသူ KIA နှင့် PDF အဖွဲ့မှ ဦးမင်းမင်းစိုး၊ဦးအောင်မင်းထွန်းတို့က ကျေးရွာတွင်တစ်အိမ်တစ်ယောက်အစည်းအဝေးခေါ်ကာ မလုပ်မနေရပြောကြားခဲ့ကြောင်း၊ ဖွင့်လှစ်မည့် NUGကျောင်းကို ၄င်းကျောင်းမှ CDMဆရာမကို ဦးစီးစေပြီး ကျောင်း သားတစ်ဦးလျှင် ငွေကျပ် ၁၂၀၀၀ နှင့် တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀ ထည့်ဝင်ရမည်ဖြစ်ကြောင်း၊အဆိုပါငွေကို ၄င်းတို့ခန့်ထားသော ဥက္ကဋ္ဌ ဆိုသူကကောက်ခံနေကြောင်း သိရှိရပါသည်။

      ကျောင်းသားမရှိသော်လည်း တစ်အိမ်မဖြစ်မနေထည့်ရမည့် ငွေကြေးသည် မုဆိုးမ၊ တစ်နေ့လုပ်မှ (၂၀၀၀)မရသောအိမ်အတွက် အခက်အခဲဆုံးဖြစ်ကြရပါသည်။ အကြမ်းဖက်ပြည်ပြေး NUG ကျောင်းဖွင့်သောနေရာတွင် KIAဗိုလ်ဆိုသူကို အိမ်တ်လုံး စီစဥ်ပေးထားရပြီး မူးယစ်ဆေးနှင့် ပြည့်တန်ဆာရှာပေးထားကြရကြောင်း သိရှိရပါသည်။

       ဗန်းမောက်မြို့နယ်အတွင်း ခေါင်းကိုက်ရွာ၊ မံထုံရွာ၊ ကျွန်းကုန်းရွာ၊ ပန်းတောရွာ၊ နန့်လင်းရွာ၊ ဒယူးရွာ အ.လ.က၊ မံကပ်ရွာ၊ စီးမော်ရွာ၊ ကနန်းမန်ရွာ၊ ကျည်ကုန်းရွာ၊ စာခမ်းရွာ၊ စက်တောရွာ၊အလယ်ရွာများတွင် NUGကျောင်းများ ဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

#PAN