ပေါင်မြို့နယ်တွင် လမ်းပြင်ရထားနှင့် ကြက်တင်ကားတိုက်မိပြီး ရထားဘီးချော်၊ ယာဉ်မောင်းဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်ရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်တွင် လမ်းပြင်ရထားနှင့် ကြက်တင်ကားတစ်စီး တိုက်မိခဲ့ရာ ရထားဘီးချော်မှုဖြစ်ပွားပြီး ကားမောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ကဒါရပ်ကွက်၊ စည်ပင်သာယာရေးရုံးအနီးရှိ ရထားလမ်းကူးဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရထားလမ်းကူးဂိတ်၌ ဂိတ်တံကားရှိသော်လည်း လမ်းပြင်ရထား ဖြတ်သန်းနေချိန်တွင် ကြက်တင်ကားတစ်စီးက လမ်းကူးဖြတ်သန်းခဲ့သဖြင့် ရထားနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

တိုက်မိမှုကြောင့် လမ်းပြင်ရထားမှာ ဘီးချော်သွားခဲ့ပြီး ကြက်တင်ကားမှာလည်း ရထား၏အောက်တွင် ပိမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယာဉ်တိုက်မှုအတွင်း ကြက်တင်ကားမောင်းသူ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဘစိုးလူမှုကယ်ဆယ်ကူညီရေးအဖွဲ့၏ လူနာတင်ယာဉ်ဖြင့် ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN