သက္ကရာဇ်ရထားနဲ့နာမည်ရခဲ့တဲ့ အဆိုတော် ဘီလီထွန်း ကွယ်လွန်


(ပြည်တွင်း) မတ်လ ၁၆

သက္ကရာဇ်ရထားဆိုတဲ့တေးသီချင်းနဲ့ နာမည်ရခဲ့တဲ့ အဆိုတော် ဘီလီထွန်းဟာ ဒီနေ့မှာပဲ ကွယ်လွန်သွားတယ်လို သိရပါတယ်။

ဘီလီထွန်းကွယ်လွန်မှုနဲ့ပြတ်သက်ပြီး ဂစ်တာ ကိုနိုင်ဇော်က “အဆိုတော် ကိုဟဲလေး က ကျနော့်ဆီ ဖုန်းဆက်သတင်းပေးသလို မိတ်ဆွေတစ်ယောက်ကလည်း အတည်ပြုထားပါတယ် အိပ်နေရင်းကွယ်လွန်သွားတယ်လို သူ့ယောက်ဖဆီကနေ လောလောဆယ်သိရသလောက် ကိုဟဲလေး က ဖုန်းဆက်ပြောပြပြီး လိုအပ်တဲ့ကူညီမှုများ လုပ်လိုရစေချင်လိုကျနော့်ဆီ ဖုန်းဆက်တာပါလိုပြောပါတယ်”လို လူမှုကွန်ယက်ကနေကနေ အတည်ပြုပြောဆို ထားပါတယ်။

ဒီနေ့ ညပိုင်းမှာ ကွယ်လွန်သွားတဲ့ အဆိုတော် ဘီလီထွန်းဟာ သက္ကရာဇ်ရထား ၊ အိပ်မက်ရိုင်း၊ လမ်းခွဲ သီအိုရီ စတဲ့ နာမည်ကျော် သီချင်းတွေရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN