ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်


(ပြည်တွင်း) မတ်လ ၁၆

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၇) နှစ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၆ခုနှစ်၊တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ၊ ၂၀၂၅ခုနှစ်၊ဧပြီလ(၇)ရက်နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါဗုဒ္ဓပူဇနိယပွဲတော်ကာလ တန်ခူးလပြည့်နေ့၊ ဧပြီလ(၁၂)ရက်နေ့ ညနေပိုင်းအချိန်တွင် အစိုးရအဖွဲ့တာဝန်ရှိသူများ ၊ဌာနဆိုင်ရာများ ၊ စေတနာရှင်ပြည်သူအများမှ သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်းနှင့်နဝကမ္မလှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ပြီး ယမန်နှစ်ပွဲတော်ရက်အတွင်း၌ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်များ၊ ဒေသထွက်ကုန်များရောင်းချခြင်း ၊ ကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာရောင်းချခြင်း အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ ၊ ဌာနဆိုင်ရာများ၏ ပညာပေး သရုပ်ပြ ပြခန်းများ ၊ အခမဲ့မြန်မာ့ရိုးရာဇာတ်ပွဲများတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ ယခင်ထက်ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်လျှက်ရှိကြောင်းသိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

Telegram»…
https://t.me/positiveanglenews

PAN