(မိုး/ဇလ) မတ်လ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ခရိုင်၊ မအူပင်မြို့ပေါ်တွင် ယနေ့နံနက် ၄ နာရီ ၃၇ မိနစ်အချိန်ခန့်က ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မအူပင်မြို့ပေါ်တွင် ပျက်စီးမှုများပြားခဲ့ပြီး မအူပင်၊ ဇောတိကာရုံကျောင်း၊ ဘုရားဆောင် အမောက် ကွန်ကရစ်ပြားမှာ စိန်းလွန်းရိပ်သာ လှေကားဆောင် အမိုးပေါ်သို့ ပြုတ်ကျခဲ့သောကြောင့် စွန်းလွန်းရိပ်သာရှေ့ နေကာအမိုး တစ်ဝက် ပြိုကျသွားခဲ့ရတယ်လို့ သိရပါတယ်။

၎င်းအပြင် အခြားလူနေအဆောက်အဦများလည်း ပျက်စီးမှုရှိခဲ့ပြီး၊ အဆိုပါပျက်ဆီးဆုံးရှုံးမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာန မှလဲ ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄) နာရီ၊ (၃၆) မိနစ်၊ (၄၇) စက္ကန့် အချိန် တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၃၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ညောင်တုန်းမြို့၏ အရှေ့တောင်ဘက် (၆) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ခဲ့ကြောင်း တိုင်းထွာရရှိချက်သတင်းထုတ်ပြန်ထား ပါတယ်။





Telegram»…
https://t.me/positiveanglenews