ထရမ့်၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အသင့်ရှိကြောင်း ယူကရိန်းသမ္မတပြော


(နိုင်ငံတကာ) မတ် ၅

သမ္မတထရမ့်၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အသင့်ရှိကြောင်း ယူကရိန်းသမ္မတက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။

အမေရိကန်မှ ယူကရိန်းသို့ ပေးပို့နေသည့် အထောက်အပံ့များ ခေတ္တရပ်ဆိုင်းရန် ညွှန်ကြားပြီးနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးမှ ဝမ်းနည်းကြောင်းကို ရှည်လျားစွာရေးသားဖော်ပြခဲ့သည်။

ယူကရိန်းအနေဖြင့် စစ်ပွဲ အဆုံးသတ်ရန် အသင့်ရှိပြီး ပထမအဆင့်အနေဖြင့် အကျဉ်းသားလဲလှယ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ထိုးစစ်များ ရပ်ဆိုင်းမည်ဆိုပါက ချက်ချင်းအပစ် အခတ်ရပ်စဲရေး ဖြစ်နိုင်ကြောင်း ၎င်းက ရေးသားခဲ့သည်။

“ဒါဆို ကျွန်တော်တို့ နောက်ထပ်အဆင့်တွေအားလုံးကို မြန်မြန်ဆန်ဆန် ဆက်လက်လုပ်ဆောင်နိုင်ပြီး ခိုင်မာတဲ့ နောက်ဆုံးသဘောတူညီချက်တွေကို သဘောတူနိုင်ဖို့ အမေရိကန်နဲ့ လက်တွဲလို ပါတယ်”ဟု ဇယ်လန်းစကီးကဆိုသည်။

ထရမ့်နှင့် အိမ်ဖြူတော်တွေ့ဆုံမှုတွင် ဖြစ်သင့်သည့်အတိုင်း မဖြစ်ခဲ့သည့်အတွက် ဝမ်းနည်းရကြောင်း ယူကရိန်းနိုင်ငံကို အမေရိကန်မှ ယခုထိပေးအပ်ခဲ့သော အကူအညီများအတွက် ကျေးဇူးတင် ကြောင်း ထပ်မံရေးသားခဲ့သည်။

အမေရိကန်က စစ်ရေးဆိုင်ရာအကူအညီများ ရပ်တန့်ရန် အမိန့်ပေးပြီးနောက် ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဒါဟာ ငြိမ်းချမ်းရေးအတွက် အကောင်းမွန်ဆုံး ပံ့ပိုးကူညီ မှုတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ပြော ကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN