အမျိုးသား တစ်ဦး တောဆင်ရိုင်းနင်းသတ်မှုကြောင့် သေဆုံး


(မှုခင်း) မတ်လ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကင်းပတီးကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာနေ အမျိုးသားတစ်ဦး တောဆင်ရိုင်းနင်းသတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ရွှေညောင်ပင်ကျေးရွာနေ မောင်နိုင်ဝင်းထွန်း၊ (ဘ)ဦးခွေးလေးသည် ကလောအမှုန့်ကြိတ်စက်မှ ရွာသို့အပြန် ရွာ၏အ‌နောက်ဘက် မိုင်ဝက်ခန့်တွင် တောဆင်ရိုင်းများနှင့် တွေ့ဆုံခဲ့ပြီး ဆင်းနင်းခံရ၍ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု့ပြီး သေမှုသေခင်းဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN