ယူကရိန်ကို အပြည့်အဝထောက်ခံမည်ဟု ဗြိတိန်ပြော


(နိုင်ငံတကာ) မတ် ၃

ယူကရိန်းကို အပြည့်အဝထောက်ခံရပ်တည်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကဆိုသည်။

အမေရိကန်ခေါင်းဆောင်များနှင့်အဆင်မပြေဖြစ်ခဲ့သည့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗြိတိန်က ယူကရိန်းနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာလုပ်ငန်းများတွင်အသုံးပြုနိုင်ရန် စတာလင်ပေါင် ၂ ဒသမ ၂၆ ဘီလီယံကို ချေးပေးခဲ့ခြင်းအတွက်လည်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ယူကရိန်းသမ္မတတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းနိုင်ငံအတွက် ဗြိတိန်လို မိတ်ဆွေနိုင်ငံများရှိသည့်အတွက် ပျော်ရွှင်မိကြောင်း ပြောဆိုခဲ့သည်။

ဗြိတိန်နိုင်ငံမှ ချေးပေးခဲ့သည့်ငွေများသည် ၎င်းတို့နိုင်ငံမှ အရေးယူပိတ်ဆို့ခဲ့သည့် ရုရှားနိုင်ငံသားများ၏ ပိုင်ဆိုင်မှုများအား ချေးငှားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် ဗြိတိန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးနောက် ချားဘုရင်နှင့်လည်း အပြုသဘောဆောင် တွေ့ဆုံရန်ရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN