(အားကစား) ဖေဖော်ဝါရီ ၂၆

အသင်းရဲ့ဘဏ္ဍာရေးအရှုံးပြနေခြင်းကို ကာမိစေဖို့အတွက် မန်ယူအသင်းဟာ နောက်ထပ်အလုပ်အကိုင် ၂၀၀ ခန့်ကို ထပ်မံလျှော့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းရဲ့ ရှယ်ယာအချို့ကို ရက်ကလစ်ဖ် ရဲ့ အင်နီယို့စ် Group က ဝယ်ယူခဲ့ပြီးနောက် အသင်းဝန်ထမ်း ၂၅၀ ခန့်ကို တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က အသင်းဝန်ထမ်းတွေနဲ့ ဆုံတွေ့ရာမှာ မန်ယူအသင်းအမှုဆောင်အရာရှိ အိုမာဘရာဒါက ပြောင်းလဲမှုအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်ဆင်တာတွေ ပြုလုပ်သွားမှာဖြစ်ပြီး အလုပ်အကိုင်လျှော့ချမှုတွေ ထပ်ပြီးတော့ ပြုလုပ်မှာဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။
၂၀၁၉ နောက်ပိုင်း ၅ နှစ်ဆက်တိုက် အရှုံးပြနေတဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်လို့ မန်ယူအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က အသင်းရဲ့ဘဏ္ဍာရေးအစီရင်ခံစာအရ မန်ယူအသင်းဟာ ဒုတိယသုံးလပတ်မှာလည်း ပေါင် ၂၇ ဒသမ ၇ သန်း အရှုံးပေါ်နေပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်းက ပေါင်သန်း ၃၀၀ ကျော် အရှုံးပြခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ကွင်းတွင်းရလဒ်တွေမကောင်းသလို အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကလည်း အခုလိုမျိုး ဆက်တိုက်အရှုံးပြနေလို့ မန်ယူပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ရှယ်ယာရှင်သစ် အင်နီယို့စ် Group အနေနဲ့လည်း ကြီးမားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews