လီဗာပူးလ်အသင်းနှင့်ပွဲမှာ လွဲချော်ခဲ့တဲ့ ဟာလန်း စပါးအသင်းနှင့်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေတဲ့ ဂွါဒီယိုလာ


(အားကစား) ဖေဖော်ဝါရီ ၂၅

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က လီဗာပူးလ်အသင်းနှင့်ပွဲစဉ်မှာ တိုက်စစ်မှူး ဟာလန်း ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပေမယ့် စပါးအသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟာလန်း က နယူးကာဆယ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဆိုပါဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ပြီး ပွဲပြီးခါနီး၌ လူစားလဲခံခဲ့ရသလို၊ ရီးရဲလ်အသင်းနဲ့ ပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် ရီးရဲလ်အသင်းနှင့်ပွဲမှာတော့ အရန်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ယခုလီဗာပူးလ်အသင်းနှင့်ပွဲစဉ်မှာ လူစာရင်းမှာပါ ပါဝင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းက ဟာလန်း မကစားနိုင်တဲ့ နှစ်ပွဲစလုံး ဂိုးရရှိရန် ရုန်းကန်ခဲ့ရပြီး လီဗာပူးလ်အသင်းနှင့်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဂိုးပေါက်တည့်မှု ၅ ကြိမ်ရရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN