(ပြည်တွင်း) ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် PDF များစီးလာသော ကားပေါ်သို့ တပ်မတော်မှလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရှင်းလင်းခဲ့ရာ ထိခိုက်ပျက်စီးမှုများစွာရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်ရှင်းလင်းမှူအတွင်း “ကျွန်ုပ်တို့ ရဲဘော်များ စီးနင်းလာသော ကားပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း မိမိတို့ ကားပေါ်တွင် သယ်ဆောင်လာသော ဗုံးသီးများလဲ ထပ်မံပေါက်ကွဲခဲ့တယ်။ ထိုဖြစ်စဥ်တွင် ကျွန်ုပ်တို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းမှ ရဲဘော် ၄ ယောက် တို့သည် လေကြောင်းတိုက်ခိုက်ခံရသောနေရာတွင် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်။ ရဲဘော် ၃ ယောက်ဒဏ်ရာရ၍ ဆေးကုသမှုခံယူနေတယ်လို့ “လို့ ၎င်း PDFအဖွဲ့ဝင်တစ်ဦးမှ ပြောကြားထားကြောင်း သိရသည်။
၎င်းလေကြောင်းတိုက်ခိုက်ရှင်းလင်းမှုတွင် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်မှ ဆုံးရှုံးသွားသောပစ္စည်းများမှာ X9 mortor ၄ လက် = ၁ စီး၊ X8 mortor ၄ လက် = ၁ စီး၊ X6 mortor ၄လက် = ၁ စီး၊ MK32 control = ၂ လုံး၊ H16 control = ၁ လုံး ၊ Mavic 3pro = ၁ စီး၊ Fixwing = ၂ စီး ၊ i6 control = ၁ လုံး ၊ T12 control = ၁ လုံး ၊ 12 cell 3500 mah =၂ လုံး ၊ 14 cell 3500 mah = ၇ လုံး၊ 6 cell 10000 mah = ၅ လုံး၊ 4 cell 6200 mah = ၁၂ လုံး၊ 6 cell 22000 mah = ၆ လုံး၊ computer i5 HP = ၂ လုံး၊ computer MSI i7 = ၁ လုံး၊ Super Custom = ၁ စီး၊ 1kg ( လက်လုပ်) = ၂၀ လုံး၊ 3kg (လက်လုပ်)= ၆ လုံးစုစုပေါင်း သိန်း ၂၀၀၀ ဖိုးဆုံးရှုံးခဲ့ရကြောင်း PDF အဖွဲ့မှထုတ်ပြန်ပြောကြားချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews