Qatar ExxonMobil Open 2025 မှာ ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အယ်ကာရက်ဇ်


(အားကစား) ဖေဖော်ဝါရီ ၂၀

ကာတာနိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ အမျိုးသားတင်းနစ်ပြိုင်ပွဲဖြစ်တဲ့ Qatar ExxonMobil Open 2025 တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်သို့ စပိန်တင်းနစ်ကစားသမား အယ်ကာရက်ဇ် တက်ရောက်ခဲ့ပါတယ်။

အဆိုပါ စပိန်တင်းနစ်ကစားသမား အယ်ကာရက်ဇ် က Qatar ExxonMobil Open 2025 တင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ ခရိုအေးရှားတင်းနစ် ကစားသမား စီလီ ကို ၆-၄၊ ၆-၄ နဲ့ အနိုင်ရရှိကာ ဒုတိယအဆင့်သို့ တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

Qatar ExxonMobil Open 2025 တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်မှာ စပိန်တင်းနစ် ကစားသမား အယ်ကာရက်ဇ် နှင့် အီတလီတင်းနစ်ကစားသမား နာဒီ တို့ယှဉ်ပြိုင်ကစား သွားမှာ ဖြစ်ပါတယ်။

အယ်ကာရက်ဇ် ဟာ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးအေတီပီတိုး ချန်ပီယံဆုအဖြစ် ရော့တာဒမ် အိုးပင်းချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN