အမ်မိုရင် ခေတ်တည်ဆောက်ရန် အချိန်ပေးရမယ်လို့ သုံးသပ်သွားခဲ့တဲ့ ဂယ်ရီနဗီးလ်


(အားကစား) ဖေဖော်ဝါရီ ၂၀

မန်ယူအသင်းမှာ နည်းပြ အာမိုရင် ရဲ့ခေတ်တစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ပေးရမှာ ဖြစ်တယ်လို့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ် က သုံးသပ်သွား ခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင် ဟာ မန်ယူနည်းပြရာထူးကို နိုဝင်ဘာလမှာ ရယူခဲ့ပြီးနောက်ပိုင်း လက်ရှိ အချိန်အထိ တည်ငြိမ်တဲ့အသင်းတစ်သင်းကို တည်ဆောက်ပြနိုင်ဖို့ ရုန်းကန်နေရပြီး ၃-၄-၃ ကစားကွက်မှာ အဆင်ပြေဖို့အတွက် ခက်ခဲနေခဲ့ပြီး အသင်းကလည်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းဖြစ်သလို မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂယ်ရီနဗီးလ် က အာမိုရင် အတွက် အထူးသီးသန့်လိုအပ်ချက်တွေရှိနေပြီး အသင်းအနေနဲ့ ဖြည့်ဆည်းပေးနိုင်၊ မပေးနိုင်ဆိုတာ ကိုသာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အာမိုရင်ရဲ့ ကစားကွက်နဲ့ လိုက်ဖက်မယ့် ကစားသမား တွေကို ဖြည့်တင်းနိုင်ဖို့အတွက် အသင်းအနေနဲ့ ကစားသမား အပြောင်းအရွှေ့ကာလ ၂ ခုကနေ ၃ ခုအထိ အချိန်ပေးဖို့ လိုအပ်လိမ့်မယ်လို့လည်း ဂယ်ရီနဗီးလ် က ပြောကြားသွားခဲ့ပါတယ်။

မန်ယူအသင်းဟာလက်ရှိမှာ ပရီးမီးယားလိဂ် ရဲ့ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိစွန်းနေတဲ့အတွက် ကစားသမားအပြောင်းအရွှေ့တွေမှာ လူသစ်ခေါ်ယူမှုကို စိတ်ကြိုက် ပြုလုပ်နိုင်မှာ မဟုတ်လို့ အာမိုရင် အနေနဲ့ စိတ်ကြိုက်အသင်းကို တည်ဆောက်နိုင်ဖို့အတွက် အချိန်ပေးရလိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ပြောသွားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN